Friday, February 19, 2010

စစ်ရေး ပါဝါဟာ အတားအဆီးသဖွယ်ဖြစ်လာနိုင်မလား

မန်ဇူး(ဘာသာပြန်သည်)
Friday, February 19, 2010

လာမည့် ဆယ်စုနှစ်တွေအတွင်း စစ်ရေးပါဝါရဲ့စွမ်းဆောင်နိုင်မှုဟာ အဓိကအခန်းကဏ္ဍနေရာမှ လျော့ကျသွားနိုင်ချေရှိလာနိုင်မလား။ နိုင်ငံအချင်းချင်းတွေကြား စစ်မက်ဖြစ်ပွားမှုတွေ အတိုင်းအတာ ပမာဏအရ လျော့ကျသွားနိုင်ချေရှိခြင်းနှင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းစဉ်တွေအတွင်း မတူညီသဘောကွဲလွဲမှုတွေကြား အငြင်းပွားတိုက်ခိုက်မှုဖြစ်ခြင်းနှင့် အခြားသော ပြဿနာရပ် ပေါင်းစုံရှိနေမှာကတော့ အသေအချာလို့ကိုဆိုရမှာပဲ။ သို့ဆိုသည့်တိုင် အကြမ်းဖက်မှု ပဋိပက္ခတွေဟာ ဘယ်သောအခါမှ အဆုံးတိုင် ပပျောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ကျနော်တို့ရဲ့ ဘ၀တလျှောက်လုံးလိုလို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာပဲ ဖစ်တယ်လို့ ၂၀၀၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဘားရက်အိုဘားမား လက်ခံရရှိစဉ်အချိန်ခါတုန်းက ပြောကြားသွားခဲ့ခြင်းဖြစ် တယ်။ နိုင်ငံချင်းစီဖြစ်စေ ဒါမှမဟုတ် စုပေါင်းလုပ်ဆောင်ခြင်းဖြင့်ဖြစ်စေ တိုင်းနိုင်ငံတွေအနေနဲ့ စစ်ရေးအင်အားကို မလိုအပ်ပဲ မသုံးစွဲဖို့ ဆိုထားသည့်တိုင် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မှန်ကန်တည့်မတ်ဖို့တော့ လိုလားကောင်းလိုလားလိမ့်မယ်။ လူအများစုအနေဖြင့် စစ်ရေး ပါဝါကို အဓိကဦးတည်ထား ပြောဆိုဆွေးနွေးနေချိန်မှာ စစ်သည်အင်အား၊ တင့်ကားအရေအတွက်၊ လေယာဉ်ပျံတွေ၊ သင်္ဘောတွေစ တဲ့ စတဲ့ hard ပါဝါ ရင်းမြစ်တွေနဲ့ တိုက်ခိုက်ခြိမ်းခြောက်ဖို့အကြောင်းချင်းရာတွေကိုသာ ထည့်သွင်းစဉ်းစားကြတာဖြစ်တယ်။

နပိုလီယံရဲ့ထင်ရှားကျော်ကြားတဲ့ စကားလုံးနဲ့ ခိုင်းနှိုင်းပြောဆိုရသော် ကြီးကျယ်တဲ့စစ်ဆင်နွှဲမှုတိုင်းတွေမှာ ဘုရားသခင်ဟာ အတူရှိ နေတယ်ဆိုတဲ့ စကားရပ်နဲ့ မော်စီတုန်း အဆိုအမိန့်ဖြစ်တဲ့ အာဏာဟာ သေနတ်ပြောင်းဝကလာတာဆိုတဲ့ စကားရပ်တွေသုံးပြီး အ ဆုံးသတ်မှာတော့ စစ်ရေးဆိုင်ရာ အရင်းအမြစ်တွေကို ထပ်မံတိုးချဲ့လုပ်ဆောင်ရင်း အဆုံးသတ်လေ့ရှိတယ်။ သို့ဆိုသည့်တိုင် လက် နက်နှင့် စစ်ပွဲတွေထက်စာရင် စစ်ရေးဆိုင်ရာ ရင်းမြစ်တွေနှင့် တိုက်ခိုက်ခြင်း ဒါမှမဟုတ် တိုက်ခိုက်ဖို့ရာ ခြိမ်းခြောက်မှုတွေထက်စာရင် hard ပါဝါနဲ့သက်ဆိုင်တဲ့ အပြုအမူလုပ်ဆောင်ချက်တွေကသာ မျက်မှောက်ကာလ ကမ္ဘာတ၀ှမ်းမှာ ပိုမိုအရေးပါတယ်လို့ ဆိုရမယ်နဲ့ တူတယ်။

တိုက်ခိုက်ဖို့နဲ့ ခြိမ်းခြောက်ဖို့ရာအတွက် တွေးတောစဉ်းစားခြင်းကို လုပ်ဆောင်ရပြီဆိုတာနဲ့ စစ်သည်တွေရဲ့စစ်ဝတ်တန်ဆာ၊ စုစည်းနိုင် မှုနှင့် ချပ်ဝတ်တန်ဆာပစ္စည်းတွေကို တိုင်းပြည်ရဲ့စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ စသည့်အကြောင်းချင်းရာ အများအပြားကို စစ်ဆင်နွှဲ တိုက်ခိုက်ခြင်းအပေါ်မှာ အဓိကထားစဉ်းစားရမှာဖြစ်တယ်။ သို့နှင့်တိုင် ၂၁ ရာစုနိုင်ငံအတော်များများရဲ့ စစ်ပွဲသွင်ပြင်လက္ခဏရပ်တွေ မှာ စစ်ဆင်နွှဲတိုက်ခိုက်ရာမှာ စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်းမရှိဘူးလို့ ဆိုရမှာပဲ။ လက်နက်ကိုင် အဖွဲ့အစည်းနှင့် တိုင်းနိုင်ငံတွေ ကြား ဖြစ်ပွားခဲ့သော စစ်ရေးဆိုင်ရာ ပဋိပက္ခပေါင်းဟာဆိုရင် ၁၉၄၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ၂၂၆ ခုနှုန်း သိသာထင်ရှားစွာဖြစ်ပွား ခဲ့သည့်အတွက် ၁၉၅၀ ပြည့်လွန်နှစ်တွေထက်စာရင် ထက်ဝက်နှုန်းနည်းပါး လျော့နည်းကျဆင်းသွားတယ်လို့ ဆိုနိုင်လိမ့်နိုင်မယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ပဋိပက္ခ အကျပ်အတည်းဆိုင်ရာ ပြဿနာရပ်တွေဟာ လွှမ်းမိုးကြီးစိုးလာတယ်လို့ ဆိုရလိမ့်မယ်။ သေချာတာကတော့ ပြည်တွင်းစစ်တွေနဲ့ သမရိုးကျမဟုတ်တဲ့ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေဟာ အသစ်အဆန်းမဟုတ်ကြတာ တောင်မှ ထုံးတမ်းဓလေ့အစဉ်အလာတွေကို စစ်ပွဲတွေကနေ အသိအမှတ်ပြု အဆုံးအဖြတ်ပေးထားသလိုဖြစ်နေတယ်။ နည်းပညာအ ပြောင်းအလဲကြောင့် အုပ်စုငယ်လေးတွေရဲ့ လက်အတွင်းမှာ အစုလိုက်အပြုံလိုက် ပြိုလဲဖျက်ဆီးဖို့ရာ ပါဝါကိုမြှင့်တင်ပေးလိုက်သလို ဖြစ်နေသည့် အတွက်အစောပိုင်း ခေတ်ကာလတွေမှာ ဈေးကွက်တစုံလုံးကို အကြီးအကျယ် ယိမ်းယိုင်ပျက်စီးသွားစေနိုင်လောက် အောင် သမရိုးကျမဟုတ်တဲ့ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေကနေ ဘာအသစ်အဆန်းတွေ ထွက်ပေါ်လာနိုင်သလဲ။

မျက်မှောက်ခေတ် နည်းပညာရပ်ကြောင့် အသွင်သစ် စစ်မျက်နှာဖွင့်လှစ်မှုတွေကို သယ်ဆောင်လာတဲ့အတွက် ရန်သူကို အဝေးထိန်း စက်တွေနဲ့တိုက်ခိုက်မည့်အလားအလာဟာ နိုင်ငံတွေကြား (သို့) နိုင်ငံမဟုတ်တဲ့ အုပ်စုငယ်တွေကြားမှာ ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာကို ကြီးမားစွာ ပျက်စီးဆုံးရှုံးစေနိုင်မယ့် ခြိမ်းခြောက်မှုတွေဟာ နိုင်ငံနယ်နမိတ် ဘောင်အတားအဆီးတွေကို ဖြတ်ကျော်လာပြီလို့ဆိုရမှာပဲ။ စစ်မက်ဆိုင်ရာ တိုက်ခိုက်ဖြစ်ပွားမှုတွေနဲ့ စစ်အင်အားတွေ ယုတ်လျော့ကျဆင်းသွားနိုင်တာဖြစ်နိုင်ပေမယ့်လို့ အလုံးစုံပပျောက်သွား တာတော့မဟုတ်သော်ငြား စစ်ရေးပါဝါ အသုံးပြုမှုကို အသွင်သစ်နဲ့ ပုံဖော်တည်ဆောက်လာတယ်။ ယနေ့ကာလ စစ်ရေးဆိုင်ရာ ပညာ ရှင်တွေရဲ့ ရေးသားဖော်ပြချက်တွေထဲမှာ စတုတ္ထမြောက် မျိုးဆက်တွေရဲ့စစ်ဆင်နွှဲတိုက်ခိုက်မှုအသွင်သဏ္ဍာန်ဟာ တခါတရံ စစ်မျက် နှာပြင် (သို့) ရှေ့တန်းမျက်နှာစာမှာ တိကျတဲ့ အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိတဲ့အတွက် တကယ်လက်တွေ့ဖြစ်ရပ်တွေမှာ အ ရပ် ဖက်ဆိုင်ရာနှင့် စစ်ဖက်ဆိုင်ရာကြား ကွဲပြားခြားနားမှု မရှိတော့ဘူးလို့ဆိုရမှာပဲ။

ဆက်ရန်…

Reference: Is Military Power Becoming Obsolete?
The Korea Times
January 13, 2010
Joseph S. Nye
Belfer Center Programs or Projects: International Security

0 comments:

Post a Comment